မြန်မာပြည်သား ၁၂၁ယောက် ရနောင်းကနေ ဖူးခက်မြို့ကို သွားကြတယ်၊ ဒီ အလုံပိတ် အအေးခန်းပါတဲ့ ထရပ်ကားထဲ လိုက်သွားတာ ကံဆိုးချင်တော့ လေအေးပေးစက်ပျက်သွားတော့ အောက်စီဂျင်မရလို့ ၅၄ ယောက် သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုကြောင်း သတင်းတွေမှာ ဖတ်လိုက်ရတယ်။ တချို့ သေတာက အပူဒဏ်ကြောင့်လည်း ဖြစ်မယ်။
ဒါက အအေးခန်းထဲ သေဆုံးသူတွေ။ ဒါက ကားသမား။ ထွက်ပြေးပြီး တပတ်လောက်အကြာမှာ ကိုယ်တိုင် အဖမ်းခံတယ်။ လေအေးစက်ပျက်ပြီးနောက်ပိုင်း ကားနောက်ပိုင်း ကွန်တိန်နာအအေးခန်းထဲက ထုသံနှက်သံတွေ ကြားတယ်။ စစ်ဆေးရေးဂိတ်တွေလွန်သွားတဲ့အခါမှ တံခါးသွားဖွင့်ကြည့်တယ်။ ပါလာတဲ့ လူ ၃ပုံ၁ပုံလောက် သေနေပြီ။ ဖူးခက်ရောက်မှ ဖွင့်ရင်တော့ အားလုံးသေနေတာ တွေ့မှာပဲ။ အသက်ရှင်ကျန်သူတချို့ ထွက်ပြေးကြတယ်။ အဲဒီထဲက ၃ယောက် တနေရာမှာ လဲသေပြန်တယ်လို့ ဘီဘီစီမြန်မာပိုင်းမှာ နားထောင်လိုက်ရတယ်။ ဒါဆိုရင် ကားပေါ်မှာ ၁၂၁ ယောက်မက လိုက်ပါသွားခဲ့ပုံရတယ်။
No comments:
Post a Comment