Apr 22, 2008

နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး အင်္ဂါဆုတောင်း မပျက်မကွက်

ခင်မောင်စိုးမင်း DVB ၂၂-၄-၂ဝဝ၈

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အပတ်စဉ် အင်္ဂါနေ့တိုင်း ပြုလုပ်နေကျ အလှူဒါနတွေ ဒီနေ့ မပျက်မကွက်ဆောင်ရွက်ကြပါတယ်။ ဒီမနက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အမျိုးသမီးအဖွဲ့က အဖွဲ့ချုပ်ဗဟိုရုံးချုပ်ရှေ့မှာ သံဃာတော် အပါး ၁ဝဝ ကျော်ကို ဆွမ်းလောင်းလှူတယ်လို့ အဖွဲ့ချုပ် ဗဟို အမျိုးသမီးအဖွဲ့ဝင် ဒေါ် လဲ့လဲ့က ပြောပါတယ်။
ရန်ကုန်တိုင်း မှော်ဘီမြို့မှာ ခြေချုပ်ကျနေတဲ့ နော်အုန်းလှကလည်း အပတ်စဉ် အင်္ဂါနေ့တိုင်း ပြုလုပ်နေကျ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းမှုကို ဆောင်ရွက်ပါတယ်၊၊ ငါးလွှတ်အလှူဒါနပြုပြီးနောက် ရွှေမော်တင်စေတီမှာ ၂၅ ကြိမ်မြောက် ဆုတောင်းခဲ့တယ်လို့ နော်အုန်းလှက ပြောပါတယ်။
အလားတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံအကျဉ်းသားတွေ လွတ်မြောက်ရေး ဆုတောင်းပ တွေကို မိတ္ထီလာ၊ ဝမ်းတွင်း၊ သာစည် စတဲ့မြို့တွေမှာလည်း ဆောင်ရွက်ကြပါတယ်။

No comments: